ကုမ္ပဏီအမည်ပျက်စာရင်း

ကုမ္ပဏီအမည်

Scatec

ကုမ္ပဏီတံဆိပ်
အမျိုးအစား

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေအားလျှပ်စစ်

လိပ်စာ / ဆက်သွယ်ရန်

Askekroken 11, 0277 Oslo, Norway

အကြောင်းအရာ

Scatec သည် တိုက်ကြီးလေးခုတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စက်ရုံများကို တည်ဆောက်လည်ပတ်နေသော နော်၀ေ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီတခုဖြစ်သည်။၄င်းသည် ၂၀၀၇ ခုနစ်တွင် စတင်တည်ထောင်ခဲ့ပြီး နော်၀ေးအစိုးရပိုင် ရေအားလျှပ်စစ်ကုမ္ပဏီ SN Power ကို ၂၀၂၁ ခုနစ်တွင်၀ယ်ယူခဲ့သည်။ Scatec ၏အကြီးဆုံး ရှယ် ယာရှင်မှာ နော်၀ေအစိုးရပိုင် Equinor ASA (ယခင် Statoil) ဖြစ်သည်။

 

SN Power သည် ၂၀၁၄ ခုနစ်တွင် သိန်းစိန်အစိုးရနှင့် ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြစ်ပေါ်တွင် ၇၃၅ မဂ္ဂ၀ပ်အားရှိသော အလယ်ရဲရွာရေကာတာစီမံကိန်းကို တည်ဆောက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၁ ဧပြီလတွင် Scatec မှ နိုင်ငံရေးအခြေအနေများကြောင့် အလယ်ရဲရွာရေကာတာတည်ဆောက်မှုကို ဆိုင်းငံ့ထားကြောင်း  ထုတ်ဖော် ပြောဆိုခဲ့သည်။

Secret Link