ကုမ္ပဏီအမည်ပျက်စာရင်း

ကုမ္ပဏီအမည်

Natural Current Energy Hydropower

ကုမ္ပဏီတံဆိပ်
အမျိုးအစား

ရေအားလျှပ်စစ်

ရုံးချုပ်

နံပါတ် (အီး-၁၁)၊ ငုရွှေ၀ါလမ်း၊၆၄-၆၅ လမ်း၊ချမ်းမြသာစည်မြို့နယ်၊မန္တလေး

အကြောင်းအရာ

Natural Current Energy Hydropower Co. Ltd.(NCEH) သည် “ရေအားလျှပ်စစ်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ဆောက်ရေး၊ပိုင်ဆိုင်လည်ပတ်ရေး“အတွက် ရည်ရွယ်သည်ဟု ဖော်ပြပြောဆိုကာ  ၂၀၁၃ ခုနစ်တွင်စတင် တည်ထောင်ခဲ့သောကုမ္ပဏီဖြစ်သည်။၂၀၂၂ ခုနစ်ဧပြီလ ၂၉ ရက်နေ့တွင် နမ္မတူ (မြစ်ငယ်မြစ်) ပေါ်တွင် ၂၁၀ မဂ္ဂ၀ပ် ပမာဏရှိသော နမ္မတူ(သီပေါ)ရေကာတာကိုတည်ဆောက်ရန် NCEH သည် စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

 

NCEH ကို UWSA မှပိုင်ဆိုင်ပြီး သော်တာ၀င်းကျောက်မျက်ရတနာကုမ္ပဏီ (၂၀၁၆ ခုနစ်တွင်ဖျက်သိမ်းခဲ့သော UWSA ပိုင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ) ၏မန်နေဂျင်းဒါရိုက်တာဟောင်း စိုင်းဖိလစ်ရီ(ခ) ဦးနေ၀င်းကျော် (လော့ဆန်း သို့ အားလုကော ဟုအများသိသူ)မှလည်ပတ်သည်။သော်တာ၀င်းကုမ္ပဏီမှ ဖိလစ်ရီ၏တာ၀န်ခံ မန်နေဂျာ ဦးအားဆမ်ကို DICA ၀က်ဘ်ဆိုဒ်တွင် NCEH ၏ဒါရိုက်တာဟုဖော်ပြထားသည်။

 

NCEH သည် ရွှေအုတ်ခဲဆောက်လုပ်ရေးကုမ္ပဏီနှင့် ရွှေအုတ်ခဲသတ္တုတူးဖော်ရေးကုမ္ပဏီတို့နှင့် နီးစပ် ဆက်စပ်သည်။

ထုတ်ကုန်များ
Secret Link