ကုမ္ပဏီအမည်ပျက်စာရင်း

ကုမ္ပဏီအမည်

Kansai Electric Power Co.

ကုမ္ပဏီတံဆိပ်
အမျိုးအစား

ဓာတ်အားထုတ်လုပ်ရေးနှင့်သွယ်တန်းခြင်း

ရုံးချုပ်

3-6-16 Nakanoshima, Kita-ku,Osaka 530-8270, Japan

အကြောင်းအရာ

Kansai Electric Power Co. (KEPCO) သည် ဂျပန်နိုင်ငံ ကန်စိုင်ဒေသတွင် အခြေစိုက်သော လျှပ်စစ်လုပ်ငန်းတစ်ခု ဖြစ်သည်။၁၉၈၈ ခုနစ်မှစတင်ကာ KEPCO သည် ဖိလစ်ပိုင်၊အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံမှ ရေအားလျှပ်စစ်စီမံကိန်းများ အပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ နိုင်ငံခြား ဓာတ်အား ထုတ်လုပ်ခြင်းနှင့် သွယ်တန်းခြင်းလုပ်ငန်းများတွင် ပါ၀င်ပတ်သက်ခဲ့သည်။

 

KEPCO သည် High Tech Construction Trust Co. Ltd (ရွှေတောင်လုပ်ငန်းစုမှပါ၀င်နေ) ၊ Andritz Hydro GmbH တို့နှင့် နမ္မတူ(မြစ်ငယ်မြစ်) ပေါ်တွင် ၅၆ မဂ္ဂ၀ပ် စွမ်းအင်ရှိ ဒီးဒုတ်ရေကာတာစီမံကိန်းကို တည်ဆောက်ရန် လုပ်ငန်းစုကို ပူးပေါင်းတည်ထောင်ခဲ့ပြီး ၂၀၁၈ သြဂုတ်လ ၁၇ ရက်တွင် မြန်မာ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနထံမှ ဆက်လက်လုပ်ဆောင်ရန် သတိပေးချက်ကိုရရှိခဲ့သည်။ ၂၀၂၁ ဖေဖော်၀ါရီ စစ်အာဏာသိမ်းမှုအပြီးတွင် လုပ်ငန်းစုသည် “စိန်ခေါ်မှုများ ဆက်တိုက်ဖြစ်နေခြင်းကြောင့်“ ဟုဆိုကာ စီမံကိန်းကိုရပ်တန့်ခဲ့သည်။

Secret Link