ကုမ္ပဏီအမည်ပျက်စာရင်း

ကုမ္ပဏီအမည်

SMEC Holdings Ltd

ကုမ္ပဏီတံဆိပ်
အမျိုးအစား

Engineering consultants

ရုံးချုပ်

Level 6-7, 40 Mount Street, North Sydney, New South Wales 2060, Australia

အကြောင်းအရာ

SMEC Holdings Ltd ကုမ္ပဏီလီမိတက် (မူလက Snowy Mountains Engineering Corporation) သည် ၁၉၇၀ ခုနစ်ကစတင်တည်ထောင်ခဲ့သော  သြစတေးလျအခြေစိုက် အင်ဂျင်နီယာအတိုင်ပင်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

 

နိုင်ငံပေါင်း ၈၀ ကျော်ရှိ စီမံကိန်းများတွင်ပါ၀င်နေပြီး ၄င်းကို ၂၀၁၆ ခုနစ်တွင် စင်္ကာပူအစိုးရပိုင်မြို့ပြနှင့် အခြေခံအဆာက်အအုံ အတိုင်ပင်လုပ်ငန်းဖြစ်သော Surbana Jurong မှ လက်လွဲရယူခဲ့သည်။

 

SMEC သည် ၂၀၁၅ ခုနစ်တွင် ရန်ကုန်မြို့၌ အထိုင်ရုံးတစ်ခုကိုစတင်ဖွင့်လှစ်ခဲ့ပြီး  ၄င်းတို့၏ website တွင် မြန်မာရေအားလျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍတွင် အဓိကလုပ်ကိုင်သူဟုဖော်ပြခဲ့သည်။ ၂၀၁၅ ခုနစ်တွင် SMEC သည် ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်ပေါ်ရှိ ၇၀၀၀ မဂ္ဂ၀ပ် ရှိမိုင်းတုံ ရေကာတာစီမံကိန်းတည်ဆောက်မှုလျာထားချက် ESIA ကိုလုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနစ်တွင် ရှမ်းပြည် မြောက်ပိုင်းသံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ၁၂၀၀ မဂ္ဂ၀ပ်ရှိနောင်ဖာရေကာတာစီမံကိန်း၏ ESIA နှင့် ၂၂၅ မဂ္ဂ၀ပ်တပ်ဆင်စွမ်းအင်ရှိမည့် သံလွင်မြစ်၏လက်တက် နမ့်မားမြစ်ပေါ်ရှိ မန်တုံရေကာတာစီမံကိန်း ESIA တို့ကိုလုပ်ဆောင်ခဲ့ပြီးသည်။

Secret Link